Save Lanpi aqurium Park

ကျွန်တော်တို့
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ဟာ ကျွန်းစုပေါင်း မြောက်များစွာနဲ့
ဖွဲ့စည်း ထားပြီး ရေပေါ်ရေအောက် သံယာဇာတများနှင့် အလွန် လှပသောနေရာလည်း
ဖြစ်ပါတယ်၊
ကျွန်းပေါင်းမြောက်များစွာထဲမှ ကျွန်းတကျွန်းဖြစ်သည့် လန်ပိကျွန်းဟာ ၁၉၉၆
ခုနစ်ကတည်းက အမျိုးသား အဏ္ဏာဝါဥယျာဉ် အဖြစ် ထိန်းသိမ်း စောက်ရှောက်ဖို့ (
၁၉၉၆ ) မတိုင်ခင် ကာလကထဲက လေ့လာဆန်းစစ်မှုတွေ စခဲ့ ပါတယ်။
ဒါပေမယ့် ယနေ့အချိန်ထိ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသော
ငါးမိုင်းခွဲခြင်း လုပ်ငန်းကတော့ လန်ပိကျွန်းရှေ့ရှိ ဆလုံ မျိုးနွယ်စုများ
နေထိုင်သော မကြုံကလစ်ရွာ ညောင်ဝိရွာ၊ဂျာလန်းကျွန်းရွာနဲ့ ကျွန်းမဲ တို့မှာယနေ့တိုင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျှက်ရှိပါတယ်၊ လန်ပိကျွန်းနဲ့ရေလက်ကြားငယ်တစ်ခု သာခြားတဲ့မကြုံကလက်ကျေးရွာမှကျေးရွာအုပ်ချုပ်ရေးမှူးဦးဇင်း(ခေါ်)ဦးနေမျိုးထွန်းကိုယ်တိုင်မှိင်းခွဲလှေများထူထောင်၍မိုင်ခွဲငါးဖမ်းလုပ်ငန်းအပြင်တဖက်ထိုင်းနိုင်ငံမှမိုင်ခွဲပစ္စည်းများကိုမကြုံဂလတ်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျွန်းများဖြစ်သည့်ဂျာအုးံ၊ဂျာလန်း၊ကျွန်းမဲ၊စစ်တပ်ဂလတ်စတဲ့ကျွန်းများမှာရှိတဲ့မိုင်းခွဲငါးဖမ်းလှေများကိုဖြန့်ဖြူးရောင်းချပေးနေပါတယ်၊
သို့အတွက်ကြောင့် အမျိုးသား အဏ္ဏာဝါဥယျာဉ် အဖြစ်သတ် မှတ်ထားတဲ့ လန်ပိကျွန်း
ဝန်းကျင်မှာ တနေ့ ပျှမ်းမျှ အကြိမ် (၂၀) ခန့် ဖောက်ခွဲ ဖျက်ဆီးခြင်း
ခံနေရပါသည်၊
ထိုကြောင့် လန်းပိ အမျိုးသား အဏ္ဏာဝါ ဥယျာဉ်
ဝန်းကျင်တွင် သဘာဝ ရေအောက် သန္တာ ကျောက်တန်းများ အကြီးအကျယ်
ပျက်စီးနေသောကြောင့် သမ္မတကြီးနှင့် တကွ နိုင်ငံတော် အကြီးအကဲများ သိရှိပြီး
အချိန်မီ တားဆီး နိုင်ရန် တင်ပြလိုက်ရပါတယ်။
မကြုံကလစ်ရွာ ကျေးရွာသား
No comments:
Post a Comment
Please write only about environmental and nature, we can not accept about political and other comment that are not bordered.