ဥရုမြစ်အတွင်းတွင် ရေနည်းကာလ ဖြစ်သောကြောင့် မြစ်၏အချို့ နေရာများတွင်
လူများပင်ခြေလျင် ဖြတ်ကူး၍ ရနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
“ဥရုမြစ်အတွင်းမှာ ရေစူးက တစ်တောင်ကျော်လောက်ပဲ ရှိတယ်။
ဥရုမြစ်ဘေးမှာရှိတဲ့ မျက်နှာခြင်းဆိုင် ရွာတွေဆိုရင် တစ်ရွာနဲ့တစ်ရွာမျက်
နှာခြင်းဆိုင်ဆို မြစ်အတွင်း ခြေလျင်ဖြတ်လို့ရတယ်။ ဥပမာ-နောင်ပို
အောင်ရွာနဲ့တစ်ဖက်က သဖန်းကုန်းရွာဆိုရင် ခြေလျင်ကူးလို့ရတယ်။ ဥရု
မြစ်ရဲ့အထက်ဖက်က ကျေးရွာတိုင်း မှာ ဥရုကို ခြေလျင်ဖြတ်လို့ရတယ်။
ဥရုမြစ်ထဲမှာလည်း ရှော်တယ်ကြီး တွေဆိုရင် မ၀င်နိုင်တော့တဲ့အတွက်
ကုန်ကဲ့တဲ့စက်လှေလေးတွေနဲ့ ဥရု မြစ်ထဲဝင်ရတယ်။ ဒါတောင်ရွာတစ်
ရွာကိုဖြတ်ကျော်ဖို့အတွက် တစ်ရက် လောက်အချိန်ပေးကြရပါတယ်။ ဥရုမြစ်မှာ
ရေနက်တဲ့ မြစ်ထဲကအိုက် တွေဘာတွေမရှိတော့ဘူး”ဟု နောင်ပိုအောင်
ကျေးရွာဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဥရုမြစ်အထက်ပိုင်းတွင် ရွှေလုပ်ငန်းလုပ်ကိုင်မှုနှင့် ကျောက်စိမ်း
တူးဖော်မှု အများအပြားရှိပြီး အဆိုပါ လုပ်ငန်းများ၏ သက်ရောက်မှုသည်
ဥရုမြစ်တိမ်ကောမှုကို ပိုမိုလာစေသည်ဟု သိရှိရပါသည်။ ချင်းတွင်းမြစ်၏
လက်တက်ဖြစ်သော မြစ်သာမြစ်နှင့်ဥရုမြစ်တို့တွင် ဥရုမြစ်သည် ရွှေလုပ်ငန်း
ကျောက်တူးဖော်ခြင်း လုပ်ငန်းများကြောင့် တိမ်ကောမှု အန္တရာယ်နှင့်
ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။
“အခုဆိုရင် ဥရုမြစ်ရေက သောက်သုံးဖို့ မသင့်တော့ဘူး။ မြစ်ဘေးဝဲယာမှာ
ရွှေကျင်တဲ့လုပ်ငန်းတွေ ရှိနေတယ်။ ရွှေကျင်တဲ့အလုပ် ဆိုတာကလည်း ရေမပါဘဲ
လုပ်လို့မှမရတာ။ ဒီလိုဆိုတော့ ရွှေကျင်လိုက်တဲ့ အနှစ်တွေက ဥရုမြစ်ကိုပဲ
လာစုတာ။ ဥရုမြစ်ကို မကာကွယ်ရင်တော့ မကြာခင် အချိန်ကာလအတွင်းမှာ တိမ်ကောမယ့်
အန္တရာယ်နဲ့ ကြုံကြရလိမ့်မယ်”ဟု အဆိုပါဒေသသို့ သွားရောက်သတင်းယူခဲ့သော
ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။



No comments:
Post a Comment
Please write only about environmental and nature, we can not accept about political and other comment that are not bordered.