Powered By Blogger

Saturday, March 3, 2012

မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။
ကျန်အချိန်များတွင် မိုဘိုင်း ဖုန်းခေါ်ဆိုပါက လက်ရှိ တစ်မိနစ် ကျပ် ၅၀နှုန်းအတိုင်းသာ ပုံမှန် ကောက်ခံမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
သံလွင်တံတား(မော်လမြိုင်) ဖွင့်လှစ်ပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည့် ပင်လယ်ပျော်စင်ယော်ငှက်များသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ယခုအခါ သံလွင်မြစ်အဆုံးပိုင်း ရေချိုရေငန်စပ် ရေပြင်ဧရိယာ (မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်ရေပြင်) တွင် ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရှိရသည်။