ဥရုမြစ်အတွင်းတွင် ရေနည်းကာလ ဖြစ်သောကြောင့် မြစ်၏အချို့ နေရာများတွင်
လူများပင်ခြေလျင် ဖြတ်ကူး၍ ရနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
“ဥရုမြစ်အတွင်းမှာ ရေစူးက တစ်တောင်ကျော်လောက်ပဲ ရှိတယ်။
ဥရုမြစ်ဘေးမှာရှိတဲ့ မျက်နှာခြင်းဆိုင် ရွာတွေဆိုရင် တစ်ရွာနဲ့တစ်ရွာမျက်
နှာခြင်းဆိုင်ဆို မြစ်အတွင်း ခြေလျင်ဖြတ်လို့ရတယ်။ ဥပမာ-နောင်ပို
အောင်ရွာနဲ့တစ်ဖက်က သဖန်းကုန်းရွာဆိုရင် ခြေလျင်ကူးလို့ရတယ်။ ဥရု
မြစ်ရဲ့အထက်ဖက်က ကျေးရွာတိုင်း မှာ ဥရုကို ခြေလျင်ဖြတ်လို့ရတယ်။
ဥရုမြစ်ထဲမှာလည်း ရှော်တယ်ကြီး တွေဆိုရင် မ၀င်နိုင်တော့တဲ့အတွက်
ကုန်ကဲ့တဲ့စက်လှေလေးတွေနဲ့ ဥရု မြစ်ထဲဝင်ရတယ်။ ဒါတောင်ရွာတစ်
ရွာကိုဖြတ်ကျော်ဖို့အတွက် တစ်ရက် လောက်အချိန်ပေးကြရပါတယ်။ ဥရုမြစ်မှာ
ရေနက်တဲ့ မြစ်ထဲကအိုက် တွေဘာတွေမရှိတော့ဘူး”ဟု နောင်ပိုအောင်
ကျေးရွာဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ဥရုမြစ်အထက်ပိုင်းတွင် ရွှေလုပ်ငန်းလုပ်ကိုင်မှုနှင့် ကျောက်စိမ်း
တူးဖော်မှု အများအပြားရှိပြီး အဆိုပါ လုပ်ငန်းများ၏ သက်ရောက်မှုသည်
ဥရုမြစ်တိမ်ကောမှုကို ပိုမိုလာစေသည်ဟု သိရှိရပါသည်။ ချင်းတွင်းမြစ်၏
လက်တက်ဖြစ်သော မြစ်သာမြစ်နှင့်ဥရုမြစ်တို့တွင် ဥရုမြစ်သည် ရွှေလုပ်ငန်း
ကျောက်တူးဖော်ခြင်း လုပ်ငန်းများကြောင့် တိမ်ကောမှု အန္တရာယ်နှင့်
ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။
“အခုဆိုရင် ဥရုမြစ်ရေက သောက်သုံးဖို့ မသင့်တော့ဘူး။ မြစ်ဘေးဝဲယာမှာ
ရွှေကျင်တဲ့လုပ်ငန်းတွေ ရှိနေတယ်။ ရွှေကျင်တဲ့အလုပ် ဆိုတာကလည်း ရေမပါဘဲ
လုပ်လို့မှမရတာ။ ဒီလိုဆိုတော့ ရွှေကျင်လိုက်တဲ့ အနှစ်တွေက ဥရုမြစ်ကိုပဲ
လာစုတာ။ ဥရုမြစ်ကို မကာကွယ်ရင်တော့ မကြာခင် အချိန်ကာလအတွင်းမှာ တိမ်ကောမယ့်
အန္တရာယ်နဲ့ ကြုံကြရလိမ့်မယ်”ဟု အဆိုပါဒေသသို့ သွားရောက်သတင်းယူခဲ့သော
ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
Wednesday, April 4, 2012
ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ်
စီမံကိန်းသည် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ထားသော်လည်း
စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ CPI နှင့်
အေးရှား ဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံ စီမံကိန်းဧရိယာအတွင်း
လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း Eleven Media Group မှ ရရှိထားသော
အထောက်အထားများအရ သိရှိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အကြား၌ တည်ရှိကာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်သည် လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
မြစ်ဆုံစီမံကိန်းသည် စီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု(EIA) ပြုလုပ်ထားသည်ဆိုသော်လည်း မပြည့်စုံမှု၊ ကချင်ပြည်နယ် ဒေသတွင်းတွင်သာမက ဧရာဝတီမြစ်စီးဆင်းရာ ဒေသတစ်လျှောက် လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်ခြေရှိမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနိုင်မှုတို့ အတွက်ကြောင့် မီဒီယာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံများအပါအ၀င် နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများ ရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စီမံကိန်း ရပ်ဆိုင်းထားပြီဟု ဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းခွင်တွင် CPI မှ ၀န်ထမ်းများရှိ နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်သည့် အနေအထားများနှင့် ပတ်သက်၍ ကန့်သတ်နယ်မြေဖြစ်သောကြောင့် အသေအချာ လေ့လာခြင်း မပြုလုပ်နိုင် သော်လည်း လှုပ်ရှားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

Subscribe to:
Comments (Atom)