Powered By Blogger

Wednesday, April 4, 2012

ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ထားသော်လည်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံ စီမံကိန်းဧရိယာအတွင်း လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း Eleven Media Group မှ ရရှိထားသော အထောက်အထားများအရ သိရှိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အကြား၌ တည်ရှိကာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်သည် လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
      မြစ်ဆုံစီမံကိန်းသည် စီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု(EIA) ပြုလုပ်ထားသည်ဆိုသော်လည်း မပြည့်စုံမှု၊ ကချင်ပြည်နယ် ဒေသတွင်းတွင်သာမက ဧရာဝတီမြစ်စီးဆင်းရာ ဒေသတစ်လျှောက် လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်ခြေရှိမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနိုင်မှုတို့ အတွက်ကြောင့် မီဒီယာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံများအပါအ၀င် နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများ ရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 
စီမံကိန်း ရပ်ဆိုင်းထားပြီဟု ဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းခွင်တွင် CPI မှ ၀န်ထမ်းများရှိ နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်သည့် အနေအထားများနှင့် ပတ်သက်၍ ကန့်သတ်နယ်မြေဖြစ်သောကြောင့် အသေအချာ လေ့လာခြင်း မပြုလုပ်နိုင် သော်လည်း လှုပ်ရှားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
       
      

No comments:

Post a Comment

Please write only about environmental and nature, we can not accept about political and other comment that are not bordered.